ကွန်မန့်ထဲမှာ ဘာတွေပါလဲ
ပွဲစဥ်တစ်ခုချင်းစီအတွက် ကျွန်တော်တို့ ကွန်မန့်မှာ ဂိုးဝင်ချိန်၊ ကတ်ပြချိန်၊ လူစားလဲချိန်၊ ထောင့်ကန်အရေအတွက်၊ ဘောပိုင်ဆိုင်မှုရာခိုင်နှုန်း စတဲ့ အချက်အလက်တွေ ပါဝင်တယ်။ Premier League, La Liga, Serie A, Bundesliga အပြင် အာရှလိဂ်တွေအထိ ခြုံငုံထားတယ်။ ပွဲမစခင်ကတည်းက လိုင်းအပ်အချက်အလက်တွေ ဖော်ပြပေးပြီး ပွဲအတွင်းမှာလည်း မိနစ်တိုင်း အပ်ဒိတ်လုပ်ပေးတယ်။ ကိုယ့်ဖုန်းပေါ်ကနေ ဘယ်နေရာရောက်ရောက် ဖတ်နိုင်တာမို့ တီဗွီမဖွင့်နိုင်တဲ့အချိန်တွေမှာ အဆင်ပြေတယ်။ ကွန်မန့်ရေးသားသူတွေက ဘောလုံးကို တကယ်နားလည်တဲ့သူတွေဖြစ်လို့ ကစားကွက်ပိုင်းခွဲချက်တွေပါ ပေးတယ်။